Statement by the Ministry of Foreign Affairs of the Czech Republic on World Press Freedom Day ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့နှင့် ပတ်သက်၍ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး၀န်ကြီးဌာန ၏သတင်းထုတ်ပြန်ချက်
03.05.2023 / 03:00 | Aktualizováno: 22.05.2023 / 10:55
The World Press Freedom Day is annually observed on May 3. On this occasion, the Ministry of Foreign Affairs of the Czech Republic would like to express its gratitude to all brave journalists and media professionals and to reassure them of the continuous support of the Czech Republic. Freedom of speech and independent media are vital for good governance, informed decision-making and accountability of governments. The actual war in Europe clearly demonstrates the importance of freedom of press as a source of independent and truthful information, which lead to an adequate reaction of the democratic governments.
ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ကို နှစ်စဉ် မေလ ၃ ရက်နေ့တွင် ကျင်းပပါသည်။ ဤအခါသမယတွင် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ရဲရင့်သော သတင်းထောက်များနှင့် သတင်းမီဒီယာ အတတ်ပညာရှင်များအားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် ၄င်းတို့အပေါ် ချက်သမ္မတနိုင်ငံမှ စဉ်ဆက်မပြတ် ထောက်ခံအားပေးလျက်ရှိကြောင်း အာမခံချက်ပေးအပ်ပါသည်။
လွတ်လပ်စွာပြောဆိုခွင့်နှင့် အမှီအခိုကင်းသော သတင်းမီဒီယာများသည် ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ၊ အစိုးရများ၏ အချက်အလက်မှန်ကန်စွာဖြင့် ဆုံးဖြတ်ချက်ချခြင်းများနှင့် တာဝန်ခံမှုတို့အတွက် အရေးကြီးပါသည်။ ဥရောပတိုက်တွင် အမှန်တကယ်ဖြစ်ပွားနေသော စစ်ပွဲသည် လွတ်လပ်၍ မှန်ကန်သော သတင်းအရင်းအမြစ်မှတဆင့် ဒီမိုကရေစီအစိုးရများ၏ လုံလောက်ပြည့်စုံသောတုံ့ပြန်ချက်ကို ဖြစ်ပေါ်စေသော စာနယ်ဇင်းလွတ်လပ်ခွင့်၏ အရေးပါမှုကို ရှင်းရှင်းလင်းလင်းပြသလျက်ရှိသည်။
Support for media freedom is one of the long-term priorities of Czech foreign policy. As part of the Transition Promotion Program, the MFA spends more than 1 million Euros a year on projects supporting independent media, media education and training of journalists, including on initiatives against disinformation. As a member of the international platform Media Freedom Coalition, the Czech Republic actively defends freedom of independent media and support journalists at risk in fulfilling their unique role.
သတင်း မီဒီယာလွတ်လပ်ခွင့်အား ထောက်ခံအားပေးခြင်းသည် ချက်နိုင်ငံ၏ ရေရှည်ဦးစားပေး နိုင်ငံခြားရေးမူ၀ါဒများအနက် တခုဖြစ်ပါသည်။ အသွင်ကူးပြောင်းမှု တိုးမြှင့်ရေးအစီအစဥ်၏ အစိတ်အပိုင်းအဖြစ် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနသည် မီဒီယာလွတ်လပ်ခွင့်အားကောင်းလာရန် ပံ့ပိုးပေးသည့် သတင်းတု သတင်းမှား တိုက်ဖျက်ရေးစီမံချက်များအပါအ၀င် သတင်းသမားများအား မီဒီယာပညာပေး လေ့ကျင့်ပေးခြင်း စသည့် ပရောဂျက်များအတွက် နှစ်စဥ် ယူရိုတသန်းကျော်ကို သုံးစွဲလျက်ရှိသည် ။ အပြည်ပြည်ဆိုင်ရာ မီဒီယာလွတ်လပ်ခွင့် ညွန့်ပေါင်းအဖွဲ့၏ အဖွဲ့၀င်တဦးအနေဖြင့် ချက်သမ္မတနိုင်ငံသည် အမှီအခိုကင်းသော မီဒီယာများ၏ လွတ်လပ်ခွင့်ကို တက်ကြွစွာ ခုခံကာကွယ်ပြီး မိမိတို့၏ ထူးခြားပြောင် မြောက်သော အခန်းကဏ္ဍကို သက်စွန့်ကြိုးပမ်း ဖြည့်ဆည်းနေရသော သတင်းထောက်များကို အားပေးထောက်ခံပါသည် ။
One of our long-term important partners is Radio Free Europe / Radio Liberty, based in Prague since 1995. Its mission - to promote democratic values by providing independent broadcasting to 23 countries in the world – is today more important than ever. On the occasion of this year’s Press Freedom Day, the Czech Republic and the United States of America reconfirmed in a common statement their long-term cooperation and commitment to continue supporting independent media.
၁၉၉၅ ခုနှစ်မှစ၍ Prague တွင်အခြေစိုက်ခဲ့သော Radio Free Europe / Radio Liberty သည် ကျွန်ုပ်တို့၏ရေရှည်အရေးပါသောမိတ်ဖက်များထဲမှတစ်ခု ဖြစ်သည်။ ၎င်းတို့၏ ကမ္ဘာပေါ်ရှိ နိုင်ငံ ၂၃ နိုင်ငံသို့ အမှီအခိုကင်းသော သတင်းများထုတ်လွှင့်ခြင်းဖြင့် ဒီမိုကရေစီစံနှုန်းများမြှင့်တင်ရန် ဆိုသည့် ခံယူချက်တာ၀န်သည် ယနေ့ခေတ်တွင် ယခင်ကထက် ပိုမိုအရေးကြီးလာပါသည်။ ယခုနှစ်တွင်ကျရောက်သော သတင်းလွတ်လပ်ခွင့်နေ့ အခါသမယတွင် ချက်သမ္မတနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့သည် လွတ်လပ်သောမီဒီယာများကို ဆက်လက်ပံ့ပိုးကူညီရန် ၎င်းတို့၏ရေရှည်ပူးပေါင်းဆောင်ရွက်မှုနှင့် ကတိကဝတ်များကို ဘုံသဘောတူကြေညာချက်တွင် ပြန်လည်အတည်ပြုခဲ့သည်။
The Czech Republic supports activities of the Council of Europe, the OSCE Representative on Freedom of the Media, works closely with the European Endowment for Democracy and participates in other international initiatives seeking better access to information. Czechia also financially supports the UNESCO Global Media Defence Fund.
ချက်သမ္မတနိုင်ငံအနေဖြင့် ဥရောပကောင်စီ ၊ မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ OSCE ကိုယ်စားလှယ် တို့၏ စီမံချက်များကို ထောက်ခံကာ ဥရောပ ဒီမိုကရေစီရံပုံငွေအဖွဲ့နှင့် နီးကပ်စွာပူးပေါင်းလျက်ရှိပြီး အခြားသော နိုင်ငံတကာရှေ့ပြေးဆောင်ရွက်ချက်ဖြစ်သည့် ပိုမိုကောင်းမွန်သော သတင်းအချက်အလက်အခွင့်အလမ်းရရှိရေးတွင်လည်း ပါ၀င်လျက်ရှိသည်။ ထို့အပြင် UNESCO ကမ္ဘာလုံးဆိုင်ရာ မီဒီယာခုခံကာကွယ်ရေးရံပုံငွေတွင်လည်း ချက်နိုင်ငံအနေဖြင့် ဘဏ္ဍာရေး အရ ထောက်ပံ့အားပေးနေပါသည်။
The Ministry of Foreign Affairs wants to use today´s occasion to appreciate the tireless efforts of all courageous journalists, editors, bloggers and other media associates who remain committed to providing the public with independent and verified information despite all the risks of their profession. We also wish to thank all our partners who help us fight for freedom of expression and the media in the world.
ချက်နိုင်ငံခြားရေး၀န်ကြီးဌာနသည် ယနေ့အခါသမယတွင် ရဲစွမ်းသတ္တိ ရှိသော သတင်းထောက်များ၊ အယ်ဒီတာများ ၊ဘလော့ဂါများနှင့် မိမိတို့၏ အသက်မွေး၀မ်းကြောင်းထိခိုက်မည်ကို ပဓါန မထားပဲ ပြည်သူလူထုကို ဘက်မလိုက်သည့် မှန်ကန်တိကျသော သတင်းအချက်အလက်များ ပေးအပ်ရန် ဆက်လက် သံဓိဌာန်ချ ဆောင်ရွက်နေသည့် အခြားသော ဆက်စပ်မီဒီယာများကို ၎င်းတို့၏ မမောနိုင်မပမ်းနိုင်သော ကြိုးပမ်းအားထုတ်မှုများ အတွက် ကျေးဇူးတင် အသိအမှတ်ပြုပါသည်။ ကမ္ဘာ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်တို့အတွက် ရင်ဆိုင်တိုက်ပွဲ၀င်ရာတွင် ကူညီပေးကြသော မိတ်ဖက်များအားလုံးတို့ကိုလည်း ကျွန်ုပ်တို့အနေဖြင့် ကျေးဇူးတင်ရှိပါသည်။